Pages

Thursday, May 17, 2012

မနက်ဖြန်


ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ အဖေက

ကျွန်တော်တို့ရဲ့……………….

ဟိုး …………….အဝေး……………အဝေးမှာ

နူးညံသောသူ့ရဲ့လက်များ

အခုနေခါ ကြမ်းရှမာကျောနေမှာပါ။


ဆီခမ်းမီးခွက်တစ်လုံးရဲ့

ခပ်မိန်မိန် အလင်းရောင်အောက်

တံခါး ဖွင့်မယ့်ခြေသံကိုနားစွင့်ရင်း

အိပ်ရေးပျက်ခဲ့တာ အမေပါ။

အမေ့ရဲ့ နို့ပိန်ပိန်တွေနဲ

ညီလေးငယ်ကို အငိုတိတ်စေခဲ့တယ်

အဖေ…….ပြန်မတွေ့ရနိုင်ပင်မယ့်လည်း

အမြဲတမ်း နှလုံးစွဲထင်

ဦးထိပ်ပန်ဆင် ရှိဆဲပါ အဖေ။
 
အဖေ ကိုချစ်တတ်တဲ့သူတိုင်းအတွက်

No comments:

Post a Comment