Pages

 

Thursday, May 17, 2012

အသေသတ်မဲ့ အပြုံး

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
Views 2. 3.

အမှတ်တမဲ့ ပါပဲ
အမှတ်တရတွေ ဖြစ်သွားတော့ လဲ
ငါ...ဘာတတ်နိုင်မှာလဲ။
နင်ပေးတဲ့ အပြုံးတစ်ချက်က
ငါ့ ဘဝကိုအဆုံးသတ် စေမှန်း
ကြိုသိခဲ့ ရင်
မမြင်ချင်ယောင်ဆောင်
မျက်နှာလွှဲမိမှာပဲ။
ခုတော့ 
ပြုစားတတ်တဲ့ အပြုံးတွေနဲ့ 
အထူအပါးမတတ်တဲ့ ငတုံးကို
မုသားတွေသုံးလို့ 
ဆော့ ကစားရက်ခဲ့ ပြီ။
ငါမကစားဖူးတဲ့ ဂိမ်းကို
မမြင်ဖူးတဲံသူစိမ်းတွေနဲ့ 
နှလုံးသားချင်းလောင်းကြေးထပ်လို့ 
မင်းအလိုကျ ကစားပြခဲ့ ရပြီ။
နောက်ဆုံးတော့ လဲ
ငါ့ နှလုံးသားမှာ အရှုံးများသာရလို့ 
ဟန်ဆောင်အပြုံးများကိုခါချ
အမုန်းသမားဘဝကိုစခဲ့ ပြီ။

နောက်ဆုံးနင်ပေးတဲ့ အပြုံးတစ်ချက်က
ငါ့ ဘဝကိုအဆုံးသတ်စေတယ်။

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။:

Post a Comment