Pages

 

Thursday, May 17, 2012

Jump Bottom to up arrow ဘယ်လိုထည့်မလဲ

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.

ကျွန်တော်သိတာလေးကို ဝေမျှလိုက်ပါတယ် ..(၁) Layout >> Page elements >> Add A Gadget > HTML/Javascript ကို သွားလိုက်ပါ ..
(၂) အောက်မှာရေးထားတဲ့ code ကို သွားထည့်လိုက်ပါ . အဆင်ပြေသွားပါလိမ့်မယ် ..

အောက်မှာလဲ မျှားပုံတွေပါ တင်ပေးလိုက်ပါတယ် . အခုမျှားပုံကို မကြိုက်ကြရင်လဲ တစ်ခြားမျှားတွေကို ပြောင်းသုံးလို့ရအောင်လို့ တင်ပေးလိုက်တာပါ .. ကိုကြိုက်တဲ့မျှားကို ရွေးပြီး www.picoodle.com မှာ အကောင့်လုပ်ပြီးတော့ တင်လိုက်ပါ . လင့်တွေကျလာပါလိမ့်မယ် . အဲ့ဒီ့အထဲကနေ Direct link ရဲ့လိပ်စာကိုယူပြီး အောက်မှာ အနီပြထားတဲ့နေရာမှာ ပြောင်းလိုက်ရမှာပါ ..

<a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="အပေါ်သို့ "><img src="http://img30.imagefra.me/img/img30/2/8/3/nyinaymin/f_a8o03y0w85im_e996312.png"/></a>

Download ifile.it (မြှားပုံစံတွေ လိုချင်သူများအတွက်တင်ပေးလိုက်တာပါ)
Read more...

Blog ကို Back up လုပ်ကြစို့

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
လုပ်နည်းက လွယ်ပါတယ် .
(၁) blogger.com ကို log in ၀င်လိုက်ပါ .
(၂) setting >> Basic ကို သွားပြီး ပုံ(၁)မှာလို Export blog ကို ရွေးလိုက်ပါ .
(၃) ပြီးရင် ပေါ်လာတဲ့ box ထဲက Download blog ကို နှိပ်လိုက်ပါ .
(၄) Save လိုက်ပါ . (တစ်ခါတစ်ရံ Downloader တွေနဲ့ Download လုပ်ရင် .xml ဖိုင်ကို မရတာမျိုးကြုံရတတ်ပါတယ် . အဲ့တော့ သမရိုးကျအတိုင်းပဲ save လိုက်ပါ )
(၅) အဲ့မယ် .xml ဆိုပြီးတော့ ဖိုင်တစ်ဖိုင်ရလာပါလိမ့်မယ် .
(၆) အဲ့ဒီ့ရလာတဲ့ ဖိုင်ကို ကို Import လုပ်ချင်တဲ့ ဘလောဂ်ကို ဖွင့်လိုက်ပါ .
(၇) setting >> basic ကိုသွားပြီး Import Blog ကို ရွေးလိုက်ပါ .
(၈) အခုနက ရလာတဲ့ .xml ဖိုင်ကို ရွေးပါ။ automatic public blog ကို အမှန်ခြစ်ပေးပါ။ သူပေးထားတဲ့ code ကို ရိုက်ထည့်ပြီး Import Blog ကို နှိပ်လိုက်ပါ .
ကဲ အဆင်ပြေပါစေဗျာ ..

အောက်မှာ ပုံနှင့်ရှင်းပြထားပါတယ် .

Read more...

ဆိုက်ကို ဘယ်လို link ပြန်ညွှန်းခိုင်းမလဲ

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
ညီလေး နေဇင်လတ်က မေးလာတာပါ .. အရင်ကလဲ ဘယ်သူလဲ မသိဘူး မေးပါသေးတယ် ရေးမယ်ရေးမယ် နဲ့ အလှည့်မရောက် တာပါ . အောက်က code တွေကို copy ကူးပြီး Page Elements >> Add a Gadget ကိုသွားပြီးတာနဲ့ html ကို ရွေးပြီး ကူးထည့်လိုက်ပါ . လိုအပ်တာ တွေကိုပဲ လိုက်ပြောင်းပါ . textarea ကို 25 ပေးထားပါတယ် .. အဆင်ပြေသလို ပေးလိုက်ပါ . ကို့ဆိုက်နဲ့  ကိုက်သလိုပေါ့ ..

<center><a href="http://www.nyinaymin.com"><img src="http://img30.picoodle.com/img/img30/2/7/12/nyinaymin/f_referm_8e944a9.gif"/></a></center>

<textarea cols="25"><center><a href="http://www.nyinaymin.com" target="_blank"><img src="http://img30.picoodle.com/img/img30/2/7/12/nyinaymin/f_referm_8e944a9.gif" border="0" alt="www.nyinaymin.com" /></a></center></textarea>

ကဲ အပေါ်မှာ မှင်အနီနဲ့ရေးထားတာက ကို့ရဲ့ ဆိုက်လိပ်စာဖြည့်ရမှာပါ . မှင် ပန်းရောင်နဲ့ရေးထားတာကတော့ ကိုထည့်ပေးမယ့် ကို့ဆိုက်အတွက် ဒီဇိုင်းပုံ လှလှလေးပေါ့ . photoshop ပိုင်ရင်ပိုင်သလို လုပ်လို့ရပါတယ် . နောက်ပိုင်းကျွန်တော် photoshop အတွက် ပုံစံလှလှလေးတွေ လုပ်ပုံလုပ်နည်း ထပ်တင်ပေးပါဦးမယ် . ပေးချင်တာတွေကတော့ အများကြီးပဲ . ဗိုင်းရပ်စ်ရေးသားပုံ ရေးသားနည်းအချို့ရယ် ၊ ဟိုတစ်နေ့က ပြောခဲ့တဲ့ အထူးအစီအစဉ်ရယ် . တင်ပေးစရာ program တွေရယ် . အများကြီးပဲ အခုတော့ တောင်းဆိုတာတွေကို ဦးစားပေးပြီး တင်ပေးသွားပါ့မယ် ..
Read more...

ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့လူက နှစ်နည်းနဲ့ တိုက်ခိုက်နိုင်ပါတယ် .
  • (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
  • (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း

ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါလာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .

IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လိုသိနိုင်လဲဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့်အနေနဲ့ အကြံဥာဏ်များပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည်မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုးလာကြည့်တာမဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီးတိုက်ခိုက်မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ .
ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ..
. gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...

Ban နည်း
  • (၁) blogger.com ကို ၀င်လိုက်ပါ .
  • (၂) Layout >> Edit html ကို သွားလိုက်ပါ ..
  • (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
  • (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..


<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>
<script type="text/javascript">
//<!CDATA[
// Banned ip script 2.0
//(C)2009 Anhvo
//homepage: http://vietwebguide.com

var banned_ip = new Array();

banned_ip[0] = '85.142';
banned_ip[1] = '22.98.69.1';
banned_ip[2] = '115.67.4.182';
banned_ip[3] = '85.78';

var mes_bi = "Your IP is banned so you cannot visit this website!";

for(var i=0;i<banned_ip.length;i++) {
eval('var re = /^' + banned_ip[i] + '/ ;');
if (re.test(mc_user_ip))
{
document.write('<style type="text/css">');
document.write('BODY{display:none;}');
document.write('<\/style>');
alert(mes_bi);
break;
}
}
//]]>
</script>

ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသားကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချောကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံးအနီနဲ့ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေထပ်ဖြည့်လို့ရပါသေးတယ် .
မင်းသားကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသားကိုသာထည့် ဒီဇာတ်ကား ရုံပြည့်ရုံလျှံဖြစ်သွားမယ် .
Read more...

ခန်းခြောက်နေသော ကွင်းပြင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.

အမှောင် ကြားမှာ
အလင်းရောင်ပျောက်ရှသူ။
နှလုံးသာတွေ ပေါများတဲ့
ဒေသမှာ အချစ် ကန္တာရထဲ ရောက်သူ။
မေတ္တာကို ဦးထိပ်ထားတဲ့
ဒေသမှာ မေတ္တာငတ်သူ။

ဘယ်သူရှိမလဲ
ကျနော်ပေါ့ မေတ္တာဓါတ်
ရေစင်သွန်းတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ
မှာ မေတ္တာပျောက်ရှာပုံတော်ဖွင့်
မိုးရွာတဲ့ ဒေသမှာ ရေငတ်နေသူပေါ့။

ကျနော့်အတွက်တော့ အချစ်မိုး
ခေါင်လွန်လှတယ်
ညဉ်နက်တဲ့ ညတွေ မကုန်လွန်
နိုင်တော့ဘူး
ရက်စက်တဲ့ ခွေတွေလဲ မသေ
နိုင်တော့ဘူး
နှလုံးသာမှာ ဓါဒါဏ်ရာ
ပလပွ နဲ့ ပက်ကြားအက်တွေနဲ
ယှက်နွယ်
အမုန်ဓါ နဲ့ ရက်ရက်စက်စက် ထိုးစိုက်
တစ်ခွန်းမ ပြန်မပြောပါဘူး
မင်းအတွက် ပျော်စရာဖြစ်ရင်
ငါ့နှလုံးသာကို ဓါနဲ့ဒင်
မကဘူး ဖျော်စက်ထဲကို
ထည့်ပြီ ရေခဲနဲ့ တစ်စစီ ဖြစ်အောင်
ရော ဖျော်လိုက်ရင်လဲ
အပြူံးမပျက်ပါဘူး
ဆက် ချစ်လျှက်ပါပဲ
Read more...

မနက်ဖြန်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.

ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ အဖေက

ကျွန်တော်တို့ရဲ့……………….

ဟိုး …………….အဝေး……………အဝေးမှာ

နူးညံသောသူ့ရဲ့လက်များ

အခုနေခါ ကြမ်းရှမာကျောနေမှာပါ။


ဆီခမ်းမီးခွက်တစ်လုံးရဲ့

ခပ်မိန်မိန် အလင်းရောင်အောက်

တံခါး ဖွင့်မယ့်ခြေသံကိုနားစွင့်ရင်း

အိပ်ရေးပျက်ခဲ့တာ အမေပါ။

အမေ့ရဲ့ နို့ပိန်ပိန်တွေနဲ

ညီလေးငယ်ကို အငိုတိတ်စေခဲ့တယ်

အဖေ…….ပြန်မတွေ့ရနိုင်ပင်မယ့်လည်း

အမြဲတမ်း နှလုံးစွဲထင်

ဦးထိပ်ပန်ဆင် ရှိဆဲပါ အဖေ။
 
အဖေ ကိုချစ်တတ်တဲ့သူတိုင်းအတွက်
Read more...

အသေသတ်မဲ့ အပြုံး

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.

အမှတ်တမဲ့ ပါပဲ
အမှတ်တရတွေ ဖြစ်သွားတော့ လဲ
ငါ...ဘာတတ်နိုင်မှာလဲ။
နင်ပေးတဲ့ အပြုံးတစ်ချက်က
ငါ့ ဘဝကိုအဆုံးသတ် စေမှန်း
ကြိုသိခဲ့ ရင်
မမြင်ချင်ယောင်ဆောင်
မျက်နှာလွှဲမိမှာပဲ။
ခုတော့ 
ပြုစားတတ်တဲ့ အပြုံးတွေနဲ့ 
အထူအပါးမတတ်တဲ့ ငတုံးကို
မုသားတွေသုံးလို့ 
ဆော့ ကစားရက်ခဲ့ ပြီ။
ငါမကစားဖူးတဲ့ ဂိမ်းကို
မမြင်ဖူးတဲံသူစိမ်းတွေနဲ့ 
နှလုံးသားချင်းလောင်းကြေးထပ်လို့ 
မင်းအလိုကျ ကစားပြခဲ့ ရပြီ။
နောက်ဆုံးတော့ လဲ
ငါ့ နှလုံးသားမှာ အရှုံးများသာရလို့ 
ဟန်ဆောင်အပြုံးများကိုခါချ
အမုန်းသမားဘဝကိုစခဲ့ ပြီ။

နောက်ဆုံးနင်ပေးတဲ့ အပြုံးတစ်ချက်က
ငါ့ ဘဝကိုအဆုံးသတ်စေတယ်။
Read more...

အရိပ်ကလေး.....သင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
.........အရိပ်ကလေး........
စိမ့်အေးကြည်မြ
မြင်ခဏ၀ယ်
ကျောက်စက်ကျရေ
ချမ်းမြေ့ စေသည်
နေခြည်လဲ့တဲ့ ....
အိုဘယ့်..ရွှေရုပ်ရည်
...........အရိပ်ကလေး.........
စိတ်အေးကြည်သာ
ပုံရိပ်လွှာသည်
သလာမျက်ဝန်း
ကျောက်ထက်ထွင်းသို့ 
မယွင်းမပျက်....သက်မျှတည်
.......အရိပ်ကလေး.......
စိတ်အတွေးဝယ်
အရိပ်လေးသင်
နေ့ စဉ် ညဆက်
မြင်မက်နမိတ်
သင့်ပုံရိပ်ဖြင့်...သစ္စာတည်
........အရိပ်ကလေး........
စိမ့်စိမ့်တွေးစဉ်
ပုံရိပ်ထင်သည်
အမြင်သာဝေး
ရင်မှာတွေးမိ
မြင်လွှာလေး၌..မင်းရှိသည်
(ပန်းတော်ဆက်)
Read more...

လင်းလက်ကြယ်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
ကြယ်လေးတစ်စင်း
ကောင်းကင်ကကြွေကျ
မြေခလို့ ဆင်းသက်လာချိန်
တွေ့ မိသူ ဒီလူရင်မှာ
ရင်ခုန်သံ စည်းချက်မမှန်တော့ ပဲ
အချစ်ဆိုတဲ့ အရာတစ်ခု
ငါ့ နှလုံးအိမ်ထဲ
ခွင့် မတောင်းပဲ ဝင်ရောက်ခဲ့ တယ်
စိတ်ကူးယှဉ်အိမ်မက်တွေ
အထပ်ထပ် မက်လို့ 
အချစ်ကြောင့် 
မျှော်လင့် ခြင်း မနက်ဖြန်တွေ အသက်ဆက်ခဲ့ ပြီ။
ကောင်းကင်က ကြွေကျမလာပေမဲ့ 
သူမဟာ ထွန်းတောက်နေတဲ့  ကြယ်တစ်စင်းပါ။
Read more...

မဝေခွဲနိုင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
*ငါ့……အိပ်စက်ခြင်းများ
မင်း……ခိုးလို့သွားခဲ့ပြီ…
ငါ……ရီ(ရယ်)မောနေတဲ့အချိန်များ
မင်း……အနားရှိလို့ဆိုတာ…
လူတွေ သိတော့မှာပဲ…
စိုးရိမ်စိတ်ကဲလို့
မလာလဲမျှော်ချင်
``လာခဲ့ဦး´´လို့လည်းခေါ်ချင်ရဲ့
အနားရှိရင်လည်းတစ်မျိုး
ပြန်သွားမှာစိုးလို့
မင်းပဲ စိုးမိုးနေလေတော့
အတော်ဆိုးတဲ့အခြေအနေမှာ
ဘာတွေဖြစ်လာမှာလဲ….?
ငါ……ဘာတွေဖြစ်နေတာလဲလို့
ကိုယ့်ဘာသာပြန်မေးကြည့်မိရဲ့
ပေးလာမဲ့အဖြေဟာ….
သင့်တော်ရာစကားအလှသုံးပြီး
ညာဦး(အုံး)မယ့် အဖြေဆိုတာ
သေချာနေမှတော့လေ…….
ဒီအတိုင်းပဲနေပြစ်လိုက်မယ်
ကံကြမ္မာရယ်………
ထင်သလိုသာ ခြယ်လှယ်ပေတော့………….။

 ရေးသားသူ - မိုးလေးအောင်@မင်းသုအောင်
အကြိုက်ချင်းတူလျှင် ကွန်မန့်လေးပေးခဲ့ပါ...
Read more...

မုန်းတိုင်းကြားက ပန်း....။

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
စနစ်ဆိုးကို တော်လှန်ဖို့

ကြယ်စင်တွေမြေ ခ

မိုးမခ ကိုသက်သေတည်လို့

နောက်ကြောင်း မလှည်.....စတမ်း

တော်လှန်းရေးနယ်ထဲ

ကြယ်စင်တွေရောက်ခဲ့ ပေါ့..။

ဟိုး........အဝေးကတောင်တန်းပြာဟာ

ငါတို့ဌာနေ ပေါ့

အခုတော့လည်း သွေးတွေနဲ့

မျက်ရည်တွေနဲ့ ၊ ရမ်းငွေ့တွေနဲ့

အော်ဟစ်ငိုသံတွေနဲ့၊ ငြီးတွားသံတွေနဲ့

ပြည့်နက်နေတဲ့ တိုင်းပြည်ပေါ့

အမှန်းတရား ကို မြတ်နိုးသူနဲ့

အာဏာကို လက်ကိုင်ထားသူတို့

သေနတ်ကို ဆွဲ ၊ တိုက်တဲ့ပွဲမှာ

အနာဂါတ်အတွက် ထွန်းမဲကြယ်တွေ

မြေဇာပင် ဖြစ်ခဲ့ပေါ့

မုန်းတိုင်းလည်းထန်၊လှိုင်းကလည်းပြင်

ယမ်းငွေ့တွေဝေတဲ့ ပင်လည်ပြင်မှာ

ငါတို့တွေ မွေးဖွားခဲ့ပေါ့

မွေးရပ်ဌာနေ အတိအကျ မရှိ

အိမ်းဆိုလို ဝါးနဲ့သစ်နဲ့ ပဲ

နေဖူးခဲ့ တယ်.........................

ငါတို့ဘဝတွေ အရိုင်းပန်းလို

ဖြစ်ခဲ့ပေါ့

ဒါပေမယ့်လည်း

ငါတို့တိုင်းပြည် အတွက်ပွင့်လန်း တဲ့

ပန်းတွေ

နိုင်ငံအတွက် မျိုးဆက်ပန်းတွေ

တစ်နေ့ နိုင်ငံအတွက် ထွန်းတောက်မဲ့

ကြယ်တွေပေါ့...........................
Read more...

ဆောင်းတည

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
အေးချမ်းတဲ့ ဆောင်းတစ်ညမှာ
ခိုလှုံမိတဲ့ရင်ခွင် ငယ်တစ်ခု
ဘယ်ဆီမှာ ငါရှာဖွေနေမိ
ဆောင်းလေတစ်ချက်အဝှေ့မှာ
အေးချမ်းသွားတဲ့ ငါခန္ဓာ
ပူလောင်နေတဲ့ ဒီရင်ကို
သူနှုတ်ခမ်းနဲ့ဖွဖွနမ်း
ဆောင်းတညကို အမှတ်ရစေပြန်တယ်
ဘယ်ဆီမှာလည်း မသိတော့ပေးမယ့်
တိုက်နေတဲ့ဆောင်လေးဆီ
ရင်ထဲက စကားတစ်ခွန်းပို့လွှင့်
အဝေးကမင်းကြားနိုင်အောင်လို့....
Read more...

ဝိုးတ၀ိုးအထင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
*ရင်ထဲမှာရူးလောက်အောင်
ပြောင်မြောက်တဲ့ ကြယ်စင်
ညင်သာစွာလှမ်းလျှောက်တိုင်း
လှိုင်းထတဲ့ ရင်ခုန်စိတ်
တိတ်တိတ်ကလေးပါပဲ……..။
*သွဲ့ ပြောင်းနွဲ့ နှောင်းတဲ့ဟန်
မာန်မထယ်ယဉ်ကျေး
အေးဆေးသာယာလို့ ထင်
မြင်ရုံနဲ့ ရင်လှိုင်းသက်
ညက်ညက်ကလေးပါပဲ……...။
*ချိုသာတဲ့စကားအထာ

တာတာတီပြောတိုင်း
မှိုင်းမိတဲ့စိတ်အစဉ်
ယဉ်ယဉ်ကလေးနဲ့ စူး
ရူးလောက်အောင်ပါပဲ……..။
*ဒါပေမယ့်…သခင်…
နင်ဟာလေ ဆူးများတဲ့ပန်း
နမ်းခွင့်စွန့် ခွာ ညာနေတာသိနေခဲ့
ယဲ့ယဲ့ကလေးပြုံးနေဆဲပါပဲ………။


 ရေးသားသူ - မိုးလေးအောင်@မင်းသုအောင်
အကြိုက်ချင်းတူလျှင် ကွန်မန့်လေးပေးခဲ့ပါ...
Read more...