Pages

 

Thursday, May 17, 2012

ဝိုးတ၀ိုးအထင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
Views 2. 3.
*ရင်ထဲမှာရူးလောက်အောင်
ပြောင်မြောက်တဲ့ ကြယ်စင်
ညင်သာစွာလှမ်းလျှောက်တိုင်း
လှိုင်းထတဲ့ ရင်ခုန်စိတ်
တိတ်တိတ်ကလေးပါပဲ……..။
*သွဲ့ ပြောင်းနွဲ့ နှောင်းတဲ့ဟန်
မာန်မထယ်ယဉ်ကျေး
အေးဆေးသာယာလို့ ထင်
မြင်ရုံနဲ့ ရင်လှိုင်းသက်
ညက်ညက်ကလေးပါပဲ……...။
*ချိုသာတဲ့စကားအထာ

တာတာတီပြောတိုင်း
မှိုင်းမိတဲ့စိတ်အစဉ်
ယဉ်ယဉ်ကလေးနဲ့ စူး
ရူးလောက်အောင်ပါပဲ……..။
*ဒါပေမယ့်…သခင်…
နင်ဟာလေ ဆူးများတဲ့ပန်း
နမ်းခွင့်စွန့် ခွာ ညာနေတာသိနေခဲ့
ယဲ့ယဲ့ကလေးပြုံးနေဆဲပါပဲ………။


 ရေးသားသူ - မိုးလေးအောင်@မင်းသုအောင်
အကြိုက်ချင်းတူလျှင် ကွန်မန့်လေးပေးခဲ့ပါ...

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။:

Post a Comment