Pages

 

Thursday, May 17, 2012

အသေသတ်မဲ့ အပြုံး

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.

အမှတ်တမဲ့ ပါပဲ
အမှတ်တရတွေ ဖြစ်သွားတော့ လဲ
ငါ...ဘာတတ်နိုင်မှာလဲ။
နင်ပေးတဲ့ အပြုံးတစ်ချက်က
ငါ့ ဘဝကိုအဆုံးသတ် စေမှန်း
ကြိုသိခဲ့ ရင်
မမြင်ချင်ယောင်ဆောင်
မျက်နှာလွှဲမိမှာပဲ။
ခုတော့ 
ပြုစားတတ်တဲ့ အပြုံးတွေနဲ့ 
အထူအပါးမတတ်တဲ့ ငတုံးကို
မုသားတွေသုံးလို့ 
ဆော့ ကစားရက်ခဲ့ ပြီ။
ငါမကစားဖူးတဲ့ ဂိမ်းကို
မမြင်ဖူးတဲံသူစိမ်းတွေနဲ့ 
နှလုံးသားချင်းလောင်းကြေးထပ်လို့ 
မင်းအလိုကျ ကစားပြခဲ့ ရပြီ။
နောက်ဆုံးတော့ လဲ
ငါ့ နှလုံးသားမှာ အရှုံးများသာရလို့ 
ဟန်ဆောင်အပြုံးများကိုခါချ
အမုန်းသမားဘဝကိုစခဲ့ ပြီ။

နောက်ဆုံးနင်ပေးတဲ့ အပြုံးတစ်ချက်က
ငါ့ ဘဝကိုအဆုံးသတ်စေတယ်။
Read more...

အရိပ်ကလေး.....သင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
.........အရိပ်ကလေး........
စိမ့်အေးကြည်မြ
မြင်ခဏ၀ယ်
ကျောက်စက်ကျရေ
ချမ်းမြေ့ စေသည်
နေခြည်လဲ့တဲ့ ....
အိုဘယ့်..ရွှေရုပ်ရည်
...........အရိပ်ကလေး.........
စိတ်အေးကြည်သာ
ပုံရိပ်လွှာသည်
သလာမျက်ဝန်း
ကျောက်ထက်ထွင်းသို့ 
မယွင်းမပျက်....သက်မျှတည်
.......အရိပ်ကလေး.......
စိတ်အတွေးဝယ်
အရိပ်လေးသင်
နေ့ စဉ် ညဆက်
မြင်မက်နမိတ်
သင့်ပုံရိပ်ဖြင့်...သစ္စာတည်
........အရိပ်ကလေး........
စိမ့်စိမ့်တွေးစဉ်
ပုံရိပ်ထင်သည်
အမြင်သာဝေး
ရင်မှာတွေးမိ
မြင်လွှာလေး၌..မင်းရှိသည်
(ပန်းတော်ဆက်)
Read more...

လင်းလက်ကြယ်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
ကြယ်လေးတစ်စင်း
ကောင်းကင်ကကြွေကျ
မြေခလို့ ဆင်းသက်လာချိန်
တွေ့ မိသူ ဒီလူရင်မှာ
ရင်ခုန်သံ စည်းချက်မမှန်တော့ ပဲ
အချစ်ဆိုတဲ့ အရာတစ်ခု
ငါ့ နှလုံးအိမ်ထဲ
ခွင့် မတောင်းပဲ ဝင်ရောက်ခဲ့ တယ်
စိတ်ကူးယှဉ်အိမ်မက်တွေ
အထပ်ထပ် မက်လို့ 
အချစ်ကြောင့် 
မျှော်လင့် ခြင်း မနက်ဖြန်တွေ အသက်ဆက်ခဲ့ ပြီ။
ကောင်းကင်က ကြွေကျမလာပေမဲ့ 
သူမဟာ ထွန်းတောက်နေတဲ့  ကြယ်တစ်စင်းပါ။
Read more...

မဝေခွဲနိုင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
*ငါ့……အိပ်စက်ခြင်းများ
မင်း……ခိုးလို့သွားခဲ့ပြီ…
ငါ……ရီ(ရယ်)မောနေတဲ့အချိန်များ
မင်း……အနားရှိလို့ဆိုတာ…
လူတွေ သိတော့မှာပဲ…
စိုးရိမ်စိတ်ကဲလို့
မလာလဲမျှော်ချင်
``လာခဲ့ဦး´´လို့လည်းခေါ်ချင်ရဲ့
အနားရှိရင်လည်းတစ်မျိုး
ပြန်သွားမှာစိုးလို့
မင်းပဲ စိုးမိုးနေလေတော့
အတော်ဆိုးတဲ့အခြေအနေမှာ
ဘာတွေဖြစ်လာမှာလဲ….?
ငါ……ဘာတွေဖြစ်နေတာလဲလို့
ကိုယ့်ဘာသာပြန်မေးကြည့်မိရဲ့
ပေးလာမဲ့အဖြေဟာ….
သင့်တော်ရာစကားအလှသုံးပြီး
ညာဦး(အုံး)မယ့် အဖြေဆိုတာ
သေချာနေမှတော့လေ…….
ဒီအတိုင်းပဲနေပြစ်လိုက်မယ်
ကံကြမ္မာရယ်………
ထင်သလိုသာ ခြယ်လှယ်ပေတော့………….။

 ရေးသားသူ - မိုးလေးအောင်@မင်းသုအောင်
အကြိုက်ချင်းတူလျှင် ကွန်မန့်လေးပေးခဲ့ပါ...
Read more...

မုန်းတိုင်းကြားက ပန်း....။

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
စနစ်ဆိုးကို တော်လှန်ဖို့

ကြယ်စင်တွေမြေ ခ

မိုးမခ ကိုသက်သေတည်လို့

နောက်ကြောင်း မလှည်.....စတမ်း

တော်လှန်းရေးနယ်ထဲ

ကြယ်စင်တွေရောက်ခဲ့ ပေါ့..။

ဟိုး........အဝေးကတောင်တန်းပြာဟာ

ငါတို့ဌာနေ ပေါ့

အခုတော့လည်း သွေးတွေနဲ့

မျက်ရည်တွေနဲ့ ၊ ရမ်းငွေ့တွေနဲ့

အော်ဟစ်ငိုသံတွေနဲ့၊ ငြီးတွားသံတွေနဲ့

ပြည့်နက်နေတဲ့ တိုင်းပြည်ပေါ့

အမှန်းတရား ကို မြတ်နိုးသူနဲ့

အာဏာကို လက်ကိုင်ထားသူတို့

သေနတ်ကို ဆွဲ ၊ တိုက်တဲ့ပွဲမှာ

အနာဂါတ်အတွက် ထွန်းမဲကြယ်တွေ

မြေဇာပင် ဖြစ်ခဲ့ပေါ့

မုန်းတိုင်းလည်းထန်၊လှိုင်းကလည်းပြင်

ယမ်းငွေ့တွေဝေတဲ့ ပင်လည်ပြင်မှာ

ငါတို့တွေ မွေးဖွားခဲ့ပေါ့

မွေးရပ်ဌာနေ အတိအကျ မရှိ

အိမ်းဆိုလို ဝါးနဲ့သစ်နဲ့ ပဲ

နေဖူးခဲ့ တယ်.........................

ငါတို့ဘဝတွေ အရိုင်းပန်းလို

ဖြစ်ခဲ့ပေါ့

ဒါပေမယ့်လည်း

ငါတို့တိုင်းပြည် အတွက်ပွင့်လန်း တဲ့

ပန်းတွေ

နိုင်ငံအတွက် မျိုးဆက်ပန်းတွေ

တစ်နေ့ နိုင်ငံအတွက် ထွန်းတောက်မဲ့

ကြယ်တွေပေါ့...........................
Read more...

ဆောင်းတည

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
အေးချမ်းတဲ့ ဆောင်းတစ်ညမှာ
ခိုလှုံမိတဲ့ရင်ခွင် ငယ်တစ်ခု
ဘယ်ဆီမှာ ငါရှာဖွေနေမိ
ဆောင်းလေတစ်ချက်အဝှေ့မှာ
အေးချမ်းသွားတဲ့ ငါခန္ဓာ
ပူလောင်နေတဲ့ ဒီရင်ကို
သူနှုတ်ခမ်းနဲ့ဖွဖွနမ်း
ဆောင်းတညကို အမှတ်ရစေပြန်တယ်
ဘယ်ဆီမှာလည်း မသိတော့ပေးမယ့်
တိုက်နေတဲ့ဆောင်လေးဆီ
ရင်ထဲက စကားတစ်ခွန်းပို့လွှင့်
အဝေးကမင်းကြားနိုင်အောင်လို့....
Read more...

ဝိုးတ၀ိုးအထင်

0 ဦးရေမှတ်ချက်ပေးခဲ့သည်...။
1.
*ရင်ထဲမှာရူးလောက်အောင်
ပြောင်မြောက်တဲ့ ကြယ်စင်
ညင်သာစွာလှမ်းလျှောက်တိုင်း
လှိုင်းထတဲ့ ရင်ခုန်စိတ်
တိတ်တိတ်ကလေးပါပဲ……..။
*သွဲ့ ပြောင်းနွဲ့ နှောင်းတဲ့ဟန်
မာန်မထယ်ယဉ်ကျေး
အေးဆေးသာယာလို့ ထင်
မြင်ရုံနဲ့ ရင်လှိုင်းသက်
ညက်ညက်ကလေးပါပဲ……...။
*ချိုသာတဲ့စကားအထာ

တာတာတီပြောတိုင်း
မှိုင်းမိတဲ့စိတ်အစဉ်
ယဉ်ယဉ်ကလေးနဲ့ စူး
ရူးလောက်အောင်ပါပဲ……..။
*ဒါပေမယ့်…သခင်…
နင်ဟာလေ ဆူးများတဲ့ပန်း
နမ်းခွင့်စွန့် ခွာ ညာနေတာသိနေခဲ့
ယဲ့ယဲ့ကလေးပြုံးနေဆဲပါပဲ………။


 ရေးသားသူ - မိုးလေးအောင်@မင်းသုအောင်
အကြိုက်ချင်းတူလျှင် ကွန်မန့်လေးပေးခဲ့ပါ...
Read more...